ဝါရှင်တန် ၂၆ ဖေဖော်ဝါရီ
အမေရိကန်နှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် နှစ်ဖက်စလုံးက အခြေအနေတိုးတက်မှုရရှိကြောင်း ဖော်ပြခဲ့ပြီးနောက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်နိုင်ငံမှ တင်ပို့ကုန်များကို အခွန်တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ကို အချိန်ရွှေ့ဆိုင်းသွားရန် အလေးပေးလျက်ရှိသည်။
လာမည့် ရက်သတ္တပတ်နှစ်ပတ်အတွင်း သတင်းကြီးကြီးမားမား ရှိလာနိုင်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။ မူလက ထရမ့်သည် အမေရိကန်ဒေါ်လာ ၂၀ဝ ဘီလီယံကျော်ဖိုးခန့်ရှိသည့် တရုတ်တင်ပို့ကုန်များအပေါ် အခွန်ကောက်ခံမှုကို လာမည့်မတ်လ ၁ ရက်နေ့တွင် တိုးမြှင့်သွားရန် စီစဉ်ထားခဲ့သည်။
အေအက်ဖ်ပီ