မြစ်ကြီးနား မတ် ၂၀
ကချင်ပြည်နယ်လွှတ်တော်၏ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြပြီး သဘာပတိတင်မြှောက်ခြင်း အပါအဝင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ရွေးကောက်တင်မြှောက် ခဲ့ကြသည်။
ဦးစွာ ပြည်နယ်လွှတ်တော် သဘာပတိအဖြစ် မြစ်ကြီးနားမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဒေါက်တာသန်းဌေးအောင် အား တင်မြှောက်ခဲ့ကြပြီး သဘာပတိက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အမည်စာရင်းတင်သွင်းခဲ့သူ မချမ်းဘော မြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ဦးရားဝမ်ဂျုံးအား ပြည်နယ်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မိုးညှင်းမြို့နယ် ကိုယ်စားလှယ် အမှတ်(၂) ဦးသန်းထွန်းအေးအား ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရကြောင်း ကြေညာပြီး လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့က သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ် ရေးထိုးခဲ့ကြကာ သဘာပတိက ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံးထံ တာဝန်လွှဲပြောင်း ပေးအပ်သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)


