မြစ်ကြီးနား ဧပြီ ၂
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်အစည်းအဝေး ဒုတိယနေ့တွင် တင်သွင်းခဲ့သော ဥပဒေကြမ်းကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ကော်မတီဥက္ကဋ္ဌအဖြစ် ဦးမြအုန်း ဖားကန့်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁) အပါအဝင် အဖွဲ့ဝင်အဖြစ် ကိုယ်စားလှယ်ကိုးဦးတို့ဖြင့် လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာ ကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ဦးချန်းဂျောင်ဆားရ် ဝိုင်းမော်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂)အပါအဝင် အဖွဲ့ဝင်အဖြစ် ကိုယ်စားလှယ် ခုနစ်ဦး တို့ဖြင့်လည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ဦးခေါ်ဆာ ပူတာအိုမြို့နယ် ကိုယ်စားလှယ် အမှတ်(၂) အပါအဝင် အဖွဲ့ဝင်အဖြစ် ကိုယ်စားလှယ်ငါးဦးတို့အားလည်းကောင်း ဆွေးနွေးအတည်ပြုခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


