ထန်းတပင် ၆  ဇန်နဝါရီ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ကမြိုင်ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာ၌ တတိယအကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၆ ရက်နေ့၊ နံနက်ပိုင်းအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

DSC08

 

အဆိုပါ နှစ်သစ်ကူးပွဲတော်တွင် ကရင်းတိုင်းရင်းသား နှစ်သစ်ကူးရိုးရာပြခန်းကို ပြသထားပြီး ကရင်အမျိုးသားအလံတွင် ပါဝင်သည့်အနက်အဓိပ္ပာယ်ကို ဖော်ဆောင်သည့်အခန်းကဏ္ဍများ၊ ကရင်တိုင်းရင်းသား ခေါင်းဆောင်များ၏ ကိုယ်ရေးရာဇဝင်များကို နောင်လာနောင်သားများသိရှိစေရန် ပြသထားသည့် အခန်း ကဏ္ဍများ၊  တိုင်းရင်းသားဝတ်စုံနှင့်ပတ်သက်ပြီး နှစ်အလိုက် (၁၉၆၂)ခုနှစ်က နေပြီးတော့ ပြောင်းလဲလာ သည့် (၂၀၁၅)ခုနှစ်နောက်ပိုင်းကဏ္ဍများ၊ ကရင်ရိုးရာယဉ်ကျေးမှုအသုံး အဆောင်များ၊ ထန်းတပင်မြို့နယ် ကရင်တိုင်းရင်းသားစာပေသင်ကြားသည့် ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများရဲ့ဖန်းတီးထားသည့် အနုပညာလက်ရာအခန်းကဏ္ဍများကို ပြခန်းတွင် ပြသထားကြောင်း သိရသည်။

 

DSC08

 

ဒီပွဲတော်ကိုလာရောက်တဲ့ လူငယ်လူရွယ်နှင့်လူကြီးတွေပေါ့ တော်တော်လေးများများကိုလာရောက် ကြည့်ရှုကြတယ် လာပြီးတော့လည်း လေ့လာကြတယ် တချို့ကလည်း ကျွန်တော်တို့ကို မသိတဲ့ဟာ လေးတွေ သူတို့မျက်စိထဲ့မှာ အသစ်အဆန်းဖြစ်နေတဲ့ ဟာလေးတွေကိုလာပြီးတော့ မေးမြန်းကြတာပေါ့ ကျွန်တော်ကလည်း လိုက်ပြီးရှင်းပြပေးရတယ် ဥပမာ သစ်သားကရင်ပြက္ခဒိန် အဲ့ဒါကို တော်တော်လေး ရှင်းပြရတယ် ပြောမယ်ဆိုလည်း သူတို့မှာ အဲ့ဒါလေးတွေ့လိုက်ရတော့ေ ကျနပ်အားရ သွားကြတယ် ဒီပြင့်ဟာကြတော့ ဒီရှေ့ဟောင်းပစ္စည်းခေါ်မှာပေါ့နော် ရှေ့ဟောင်းက ရင်ရိုးရာသုံးစွဲတဲ့ပစ္စည်းတွေပေါ့ အဲဒါကို အထူးစိတ်ဝင်စားကြတယ်ဟု ကရင်တိုင်းရင်းသားနှစ်သစ်ကူးကော်မတီမှ ပြခန်းတာဝန်ခံ ဦးစောကျော်ရွှေက ပြောသည်။

 

DSC08

 

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများအဖြစ် ဘောလုံး၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲများ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ချောတိုင်တက် ပြိုင်ပွဲများကို ထည့်သွင်းကျင်းပပြုလုပ်ခဲ့ရာ ဒေသခံပြည်သူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပြီး စည်ကားလျက်ရှိကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)

 

DSC08