ရန်ကုန် ၂၇ ဇန်နဝါရီ
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးမှူးကျင်းပသည့် တတိယအကြိမ် မြို့တော်ဝန်ဆု ပြည်သူ့နီတိ အသိပညာပေး စာမေးပွဲ (ဗဟိုအဆင့်) ရေးဖြေနှင့် နှုတ်ဖြေနှစ်ရပ်လုံး ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ရာ အမှတ်အများဆုံးရရှိခဲ့သော မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်များမှ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများ စာရင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အင်တာနက်စာမျက်နှာ www.ycdc.gov.mm ရှိ မြို့တော်သတင်းစဉ်တွင် ဝင်ရောက်ကြည့်ရှု နိုင်သည့်အပြင် City FM မှလည်း ကြေညာပေးမည်ဖြစ်သည်။
ထို့ပြင် အသေးစိတ်သိရှိလိုပါက ဖုန်း ၀၁-၈၃၇၃၅၁၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း ကျင်းပရေးဦးစီးကော်မတီမှ သိရသည်။
မွန်ဝင်း