မန္တလေး  ၂၅   ဇန်နဝါရီ

၂၀၂၀ ပြည့်နှစ် တတိယအကြိမ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီက မန္တလေးချမ်းမြသာစည်မြို့နယ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလး)အစည်းအဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က ဇန်နဝါရီ ၃၀ ရက် ညနေ ၃ နာရီ၌ ပြင်ဦးလွင်မြို့ရှိ အားကစားကွင်းသစ်တွင် တတိယအကြိမ်ကျင်းပမည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖွဲ့စည်းထားသော ကော်မတီများ ပူးပေါင်း၍ ကြိုတင်စီစဉ်ထားရှိမှုများနှင့် စည်းကမ်းတကျ ကြည့်ရှုအားပေးရေး၊ ဘောလုံးအသင်းများ တည်းခိုနေထိုင် စားသောက်ရေး၊ သွားလာရေး၊ ကျန်းမာရေး လုံခြုံရေး အစီအစဉ်များအတိုင်း ပေါင်းစပ်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

 

မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနညွှန်ကြားရေးမှူး ဦးဝင်းဇော်နိုင်၊ ပြင်ဦးလွင်ခရိုင် အထွေထွအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တ အုပ်ချုပ်ရေးမှူး ဦးထင်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဆွေနှင့် ပြင်ဦးလွင်၊ စစ်ကိုင်းတိုင်းဒေသြကြီး မုံရွာမြို့တို့မှ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ပြင်ဦးလွင်မြို့ အားကစားကွင်း သို့ ဇန်နဝါရီ ၃၀ ရက် ညနေ ၃ နာရီ၌ အိန္ဒိယနိုင်ငံ ကိုယ်စားပြု မဏိပူရ်ပြည်နယ် အသင်းနှင့်အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး )လက်ရွေးစင်အမျိုးသမီး အသင်းတို့ နှစ်နိုင်ငံချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ရန်နှင့် ဖေဖေါ်ဝါရီ ၂ ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ အားကစားကွင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးလက်ရွေးစင်အသင်းနှင့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် လက်ရွေးစင်အသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းအလိုက် ပြည့်စုံစွာပေါင်းစပ် စီစဉ်ဆောင်ရွက်ထားရှိမှုတို့ကို အသီးသီးတင်ပြခဲ့ကြချက်အပေါ် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လုပ်ငန်းလိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)