ရန်ကုန်  ၂၇  ဇန်နဝါရီ 

 

တတိယအကြိမ်မြောက် မြန်မာ-ဂျပန် ချယ်ရီပန်းပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်ပိုင်းက     ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဝင်းအတွင်း ကျင်းပသည်။

 

ရှေးဦးစွာ နံနက် ၉ နာရီတွင် မြန်မာ-ဂျပန်ချစ်ကြည်ရေး ချယ်ရီပန်းပင် စိုက်ပျိုးပွဲတော် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ အမိမြန်မာပြည်ရုပ်တုခန်းမ၌ ကျင်းပရာ  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  အမှာစကားပြောကြားရာ၌  တတိယအကြိမ်မြောက် မြန်မာ-ဂျပန် ချစ်ကြည်ရေးချယ်ရီပန်းပင်စိုက်ပျိုးပွဲတော်ကို မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် ကျင်းပနိုင်မှုအပေါ်  ဂုဏ်ယူဝ မ်းမြောက်မိပါကြောင်း၊ ယခုကဲ့သို့ ချယ်ရီပန်းပင်စိုက်ပျိုးပွဲတော်ကိုကျင်းပခြင်းအားဖြင့် မြန်မာနှင့် ဂျပန်နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ခင်ရင်းနှီးမှုနှင့် နွေးထွေးသော သံတမန်ဆက်ဆံရေးကို ပိုမိုခိုင်မာစေလျက် နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်းနှင့် ပြည်သူအချင်းချင်း နီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား ကူးလူးဆက်ဆံရေး ပိုမိုချောမွေ့လာမည်ဖြစ်ပါကြောင်း၊  ပထမအကြိမ် မြန်မာ-ဂျပန် ချစ်ကြည်ရေး ချယ်ရီပင်စိုက်ပျိုးပွဲတော်ကို နေပြည်တော်တွင်ကျင်းပခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ချီးမြှင့်ပြီး ဂျပန်နိုင်ငံမှပျိုးယူခဲ့သော ချယ်ရီပင် (၁၀ဝ) အား နေပြည်တော် ဇဝနလမ်းအနီး လွှတ်တော်သွားရာ လမ်းတစ်လျှောက်တွင် ဂျပန်-မြန်မာမိတ်ဆွေများနှင့် အတူတကွ ပျော်ရွှင်စွာစိုက်ပျိုးခဲ့ပါကြောင်း၊

 

22

 

ဒုတိယအကြိမ် မြန်မာ-ဂျပန် ချစ်ကြည်ရေး ချယ်ရီပန်းပင်စိုက်ပျိုးပွဲတော်ကို  ၂၀၁၈  ခုနှစ် ဇန်နဝါရီ ၁၄ ရက် တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၁)တွင် ကျင်းပခဲ့ပြီး ချယ်ရီပန်းပင် ၂၀ဝ ကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၁ အနီးနှင့်လွှတ်တော်သို့သွားရာ ဇဝနလမ်းတစ်လျှောက် ဗိုလ်ရှုသဘင်အဆောက်အဦအနီးတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံမှ ဧည်သည်တော်များ အတူတကွ စိုက်ပျိုးခဲ့ပါကြောင်း၊ ထို့ပြင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း ခရီးသွားဧည်သည်များကို စွဲဆောင်မှုရှိသည့် ချင်းပြည်နယ်တွင် ချယ်ရီပင်  ၁၂၅၀ ၊ မိုးကုတ်၊ပြင်ဦးလွင်နှင့်ကလော၊ အင်းလေးဒေသတို့တွင် ချယ်ရီပင် ၈၀ဝ ကိုစို က်ပျိုးခဲ့သည်ကို သိရှိရပါကြောင်း၊ ယခုတတိယအကြိမ်တွင်လည်း မြန်မာနိုင်ငံချယ်ရီဖောင်ဒေးရှင်းနှင့် ဂျပန် ယူကိုဆာကူယာ ချစ်ကြည်ရေးအသင်းတို့မှ လှူဒါန်းပေးမည့် ချယ်ရီပင်များနှင့် နေပယ်ထရီး ၃၉၀ဝ ကို ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်မြို့နှင့်မိုးကုတ်မြို့တို့တွင် စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း။

 

မြန်မာ့ရာသီဥတုနှင့် ကိုက်ညီသော မျိုးရိုးဗီဇပြုပြင်ထားသည့် ဆာကူယာ ချယ်ရီပင်များဖြစ်ပြီး ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအတွက် ဆွဲဆောင်မှုရှိသောဒေသများအဖြစ် ကြိုးပမ်းနေချိန်တွင်  တတိယအကြိမ် မြန်မာ-ဂျပန် ချစ်ကြည်ရေး ချယ်ရီပန်းပင် စိုက်ပျိုးပွဲတော်ကို ကျင်းပခြင်းဖြင့် မြန်မာနိုင်ငံသည် ချယ်ရီပန်းပင်များဖြင့် စွဲဆောင်မှုရှိသည်ဟူသော သတင်းစကားကို ကမ္ဘာအရပ်ရပ်ရှိ ခရီးသွားဧည့်သည်တို့ထံ ဖြန့်ဝေနိုင်လိမ့်မည်ဟုယုံကြည့်ပါကြောင်း၊ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ထွက်မှုသည် အတော်အသင့်တိုးတက်မှုရှိလာပြီဖြစ်ပြီး  ၂၀၁၇ ခုနှစ်တွင် ကမ္ဘာလှည့်ခ ရီးသည်ဝင်ရောက်မှုသည် ၃ ဒသမ ၄၄ သန်းရှိခဲ့၍  ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၅၅ သန်း ဝင်ရောက်ခဲ့ရာ တိုးတက်မှုနှုန်း သည် ၃ ဒသမ ၁၅ ရာခိုင်နှုန်းရှိခဲ့ပါကြောင်း၊ ဧည်သည်ပိုမိုဝင်ရောက်ရန် အာ ဆီယံနှင့်  အာဆီယံ+၃ နိုင်ငံများမှ ဧည်သည်များကိုပိုမိုဖိတ်ခေါ်နိုင်စေရန်ရည်ရွယ်ပြီး ဂျ ပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် မကာအိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ နိုင်ငံသားများကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှစ၍  ၂ နှစ်စာကာလအတွက် ဗီဇာကင်းလွတ်ခွင့်ကိုပြုခဲ့ပြီး လေကြောင်းခရီးမှ လာရောက်သော တရုတ်နိုင်ငံသားများကိုလည်း ဆိုက်ရောက်ဗီဇာကို ခွင့်ပြုခဲ့ပါကြောင်း၊

 

ထို့ပြင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ လေကြောင်းခရီးဖြင့်ရောက်ရှိလာသော အိန္ဒိယနိုင်ငံသားများကို ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းဖြင့် ဖြေလျော့မှုများ ဆောင်ရွက်ခဲ့သည့်အပြင် အိန္ဒိယ-မြန်မာနယ်စပ်ဒေသ အပြည်ပြည်ဆိုင်ရာ ဝင်ထွေက်ပေါက်များ ဖွင့်လှစ်ပေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊  ၂၀၁၈ ခုနှစ်အတွင်းစတင်ခဲ့သော ဗီဇာဖြေလျော့မှုတို့သည် ၂၀၁၉ ခုနှစ်တွင် စတင်အကျိုး ခံစားရမည်ဖြစ်သည့်အပြင် လာမည့်နှစ်များတွင်မြန်မာနိုင်ငံကို လာရောက်လည်ပတ်မည့် ခရီးသည်အရေအတွက်ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အသည်းနှလုံးဟု တင်စားရသော ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက်တစ်ခုဖြစ်ပြီး ကမ္ဘာအရပ်ရပ်မှ ဧည်သည်များ လေကြောင်း၊ ရေကြောင်းခရီးဖြင့် ဝင်ရောက်လည်ပတ်သောမြို့တော်ဖြစ်ပါကြောင်း၊  ၂၀၁၈ ခုနှစ်ခရီးသည် ဝင်ထွက်မှု ၃ ဒသမ ၅ သန်းသည် နယ်စပ်ဒေသမှမြန်မာနိုင်ငံ အတွင်းဝင် ရောက်သော ခရီးသည်အချို့ အပါအဝင် စုစုပေါင်း ၁ ဒသမ ၄ သန်းခန့် ဝင်ရောက်သည့် အတွက် ခရီးသည်အားလုံး၏ ထက်ဝက်နီးပါးသည် ရန်ကုန်မြို့ကို စတင်လာရောက်လည်ပတ်ကြောင်းနှင့် ယခုလိုရန်ကုန်မြို့တွင် ခရီးသွားမြှင့်တင်ရေး အစီအစဉ်များပြုလုပ်ခြင်းသည် တစ်နိုင်ငံလုံးအတွက် ခရီးသွားလုပ်ငန်းမြှင့် တင်ပေးခြင်းဖြစ်သည်ဟု ပြောကြားလိုပါကြောင်း၊

 

33

 

ယနေ့တွင် ထူးခြားစွာရန်ကုန်မြို့တွင် မြန်မာတို့၏ ညီနောင် တိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာဓလေ့များကို ဖော်ထုတ်မိတ်ဆက်ပြသသော သွေးချင်းတို့ရဲ့ ပွဲတော်နှင့် တိုက်ဆိုင်၍ အင်မတန်မှ ကောင်းမွန်ပြီး တဆက်တည်းမှာပဲ ဂျပန်နှင့် နိုင်ငံခြားခရီးသွားတို့ကို မြန် မာ၏ ထူးခြားသော တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုတို့ကိုပြသခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ မြန်မာနှင့် ဂျပန်သည် ကာလကြာရှည်စွာ ရင်းနှီးမှုတည်ရှိခဲ့ပြီးဖြစ်၍ ယခုကဲ့သို့ အမှတ်တရ ပူးပေါင်းဆောင်ရွက်မှုပွဲများ ကျင်းပပြီး အတူတကွပါဝင်ဆင်နွဲခြင်းဖြင့် အနာဂတ်တွင် နှစ်နိုင်ငံကြားယဉ်ကျေးမှုများ ဖလှယ်သော အစီအစဉ်များ၊ ခရီးသွားမြှင့်တင်ရေးအစီအစဉ်များကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊  ယနေ့ကျင်းပသော တတိယအကြိမ် မြန်မာ-ဂျပန်ချစ်ကြည်ရေး ချယ်ရီပန်းပင်စိုက်ပျိုးပွဲတော်ကို အောင်မြင်စွာကျင်းပနိုင် ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ မြန်မာ-ဂျပန် နှစ်နိုင်ငံမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သူများအာ းလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်လာမည့်နှစ်များတွင်ကျင်းပမည့် ချယ်ရီ ပင်စိုက်ပျိုးပွဲတော်များကို မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှုတစ်ရပ် အဖြစ်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍  Japan Myanmar Parliamentary Friendship Association   ဥက္ကဋ္ဌ    Mr. Ichiro Aisawa  ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအုန်းမောင် ၊  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့က အမှာစကားပြောကြားခဲ့ကြသည်။

 

44

 

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများသည် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

ယင်းနောက် တက်ရောက်လာကြသော ဧည့်သည်တော်များအား မြန်မာ့ရိုးရာ မုန့်များဖြင့် တည်ခင်းဧည့်ခံသည်။

 

ထို့နောက် ချယ်ရီပန်းပင်များ စိုက်ပျိုးခြင်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး ဂိတ်(၂)မြက်ခင်းပြင်တွင်  ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် တက်ရောက်လာကြသူများက ချယ်ရီပန်းပင်များ စိုက်ပျိုးပေးခဲ့ကြသည်။  

 

သန်းထိုက်

 

ဓာတ်ပုံ - သန်းစိုး    

 

11