မော်လမြိုင် မတ် ၂၃
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ ကျင်းပသည်။
ဦးစွာ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ အစည်းအဝေးစတင်ကြောင်း ကြေညာပြီး လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီတွင် တာဝန်ပေးအပ်မည့်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကိုလွှတ်တော်သို့တင်ပြကြသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းသတ်မှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ သထုံမြို့နယ် ကိုယ်စားလှယ် အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမြင့်မောင်လေးကလွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။ ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ တွင် တာဝန်ပေးအပ်မည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏အမည်စာရင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းသတ်မှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီတွင် တာဝန်ပေးအပ်မည့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းသတ်မှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ အစည်းအဝေးရပ်နားခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


