ရန်ကုန် ဧပြီ ၉
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စတင်ကျင်းပ
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်၏ သက်ဆိုင်ရာ ကော်မတီအသီးသီးတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အမည်စာရင်းတို့ကို လွတ်တော်သို့ တင်ပြ၍ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းသတ်မှတ်ချက်တို့ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌက ရှင်းလင်းတင်ပြသည်။
ယနေ့ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ရေးရာ ကော်မတီ ၁၀ ရပ်ကို ဖွဲ့စည်းခဲ့ပြီး လွှတ်တော်၏ အတည်ပြုချက်ကို ရယူခဲ့ကြသည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး ပဉ္စမနေ့အဖြစ် ဧပြီ ၁၀ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


