နေပြည်တော်   ဒီဇင်ဘာ  

 

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တတိယ အကြိမ်သွေးချင်းတို့ရဲ့ ပွဲတော်ဆီ-၂၀၂၁ကို ဒီဇင်ဘာ (၁၁)ရက်မှ (၁၅) ရက် အထိ ပွဲတော်ကာလသတ်မှတ်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV HD နှင့် NRC Channel တို့တွင် ထုတ်လွှင့်ပြသမည်ဖြစ်သည်။သွေးချင်းတို့ရဲ့ ပွဲတော်ဆီ-၂၀၂၁ဖွင့်ပွဲ အခမ်း အနားကို Virtual Celebration ဖြင့် ဒီဇင်ဘာ (၁၁)ရက် ညနေ  နာရီခွဲမှ စတင် ထုတ်လွှင့် သွားမည်ဖြစ်ပြီး ဒီဇင်ဘာ (၁၂)ရက် မှ(၁၅)ရက်အထိ ညစဉ် () နာရီမှ စတင်ကာ တိုင်းရင်းသားများ၏ တေးသီချင်းများ၊ ရိုးရာအကများနှင့် ဖျော်ဖြေတင်ဆက်မှု များအပြင် ပွဲတော်ပိတ်ပွဲ အခမ်းအနားကိုလည်း ထုတ်လွှင့်ပေးမည်ဖြစ်သည်။     

 

ထို့အတူ တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးစံတွေနှင့် ဝတ်စားဆင်ယင်မှု၊ ဒေသ ထွက်ကုန်/ထုတ်ကုန်များနှင့် စီးပွားရေးဆိုင်ရာများ၊ စိတ်ဝင်စားဖွယ်နေရာများနှင့် လမ်းပန်း ဆက်သွယ်ရေးအခြေအနေများကိုလည်း သွေးချင်းတို့ရဲ့ပွဲတော်ဆီ Website ဖြစ်သည့်  www.mecfevent.com တွင် ဒီဇင်ဘာ(၁၁)ရက်မှ စတင်ပြီးဝင်ရောက် ကြည့်ရှုလေ့လာ နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)