ထားဝယ် ဧပြီ ၆

 

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

 

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော် နာယက က ပေးပို့ခဲ့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ဖတ်ကြားခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ ဆောင်ရွက်သည်။

 

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် နိုင်ငံတော်သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသူက အဆိုပြုသည့် မြိတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးဇော်နိုင်ဦး၏အမည်စာရင်းကို လွှတ်တော်၏ အဆုံးအဖြတ် ရယူ၍ အတည်ပြုသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံရသူက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၈၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)အရ တိုင်းဒေသကြီး ဝန်ကြီးဌာနရှစ်ခု၊ တိုင်းဒေသကြီးဝန်ကြီးဦးရေ ရှစ်ဦး၊ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အပါအဝင် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးဦးရေ သုံးဦး သတ်မှတ်ပေးနိုင်ရန် အဆိုပြုလာမှုအပေါ် လွှတ်တော်၏ အဆုံးဖြတ်ရယူ၍ အတည်ပြုသည်။

 

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ဧပြီ ၇ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)