တာချီလိတ် စက်တင်ဘာ ၂၃

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုတွင် တတိယအကြိမ်အဖြစ်  တောင်ပေါ် တိုင်းရင်းသားကျေးရွာ(၈)ရွာရှိ အိမ်ထောင်စုပေါင်း( ၁၂၀၀) အတွက် အခြေခံစားသောက်ကုန်များကို မိုးမိသားစု ကုမ္ပဏီ နှင့် ရွှေမိုင်းဟဲ မိသားစုတို့မှ စက်တင်ဘာလ ၂၂ ရက် မွန်းလွဲပိုင်းက သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

 

ထိုသို့ လှူဒါန်းရာ၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသော တောင်ပေါ်နေ တိုင်းရင်းသား လားဟူ၊ အာခါ၊ ပလောင်နှင့် ရှမ်းလူမျိုး အများစု နေထိုင်သည့် ရွာများကို  တတိယ အကြိမ်အဖြစ် တစ်အိမ်ထောင်စုလျှင် ဆန်၊ ဆီ၊ဆား၊ ကြက်သွန် နှင့် အခြားအခြေခံစား သောက်ကုန်ပစ္စည်း များကို အိမ်ထောင်စု(၁၂၀၀)စုအတွက် အလှူရှင် မိသားစုများက ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသားများက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

အဆိုပါ အလှူရှင် မိသားစုများသည် တာချီလိတ်မြို့နယ်၊ တောင်ပေါ်တိုင်းရင်းသားကျေးရွာများသို့ ပထမအကြိမ်အဖြစ် စက်တင်ဘာ ၁၇ ရက်နေ့ က(၂၇)ရွာ၊ ဒုတိယအကြိမ်အဖြစ်(၂၄)ရွာနှင့် ယနေ့တွင်(၈)ရွာ စုစုပေါင်း(၅၉)ရွာ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက်၍ ထောက်ပံ့လှူဒါန်းသွားရန်အတွက် စီစဉ်ထားကြောင်း ကုမ္ပဏီမှတာဝန်ရှိသူ ဦးကျာနူးထံ မှ သိရှိရသည်။

 

ယာဆေး(ပြန်/ဆက်)