ပုလော  ၁၇ ဇူလိုင်    

    
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်တွင် တတိယအကြိမ်မြောက်  (၇၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက် (၈) နာရီက ကမ်းရိုးတန်းရတနာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

1

 


ရှေးဦးစွာ (၇၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားအား  တာဝန်ရှိ သူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အာဇာနည်နေ့အား ဂုဏ်ပြုသောအားဖြင့် အလေးပြုခြင်း၊ တစ်မိနစ် ငြိမ်သက်၍ ဂုဏ်ပြုခဲ့ကြသည်။ 


ထို့နောက်  (၇၂) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အခမ်းအနား ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့ကြသော အလှူရှင်များအား ကော်မတီဝင်ဦးသန်းလွင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို နိုင်ငံတော်သီချင်း သီဆို၍  ရုပ်သိမ်းခဲ့ကြသည်။


အဆိုပါအခမ်းအနားကို ဇူလိုင်လ (၁၇) ရက်နေ့မှ ဇူလိုင်(၁၉) ရက်နေ့အထိ (၃) ရက်တိုင်တိုင်  အခြေခံကျောင်းပေါင်းစုံမှ (ထက်/လယ်/မူ) အဆင့် ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျဘမ်းစကားပြောပြိုင်ပွဲနှင့် ပဟေဠိပြိုင်ပွဲများကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုရရှိသူများအား ဇူလိုင်လ (၁၉) ရက်နေ့တွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ထူးဝေယံ(ပြန်/ဆက်)