တုံတာ ၉ ဩဂုတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၌ ကလေးငယ်များအား ဗီတာမင် အေ နှင့် သံချဆေးတိုက်ကျွေးခြင်းကို တုံတာမြို့တိုက်နယ်ဆေးရုံတွင် ယနေ့နံနက် ၉နာရီမှ ၁၂နာရီအထိ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက် ၆ လမှ ၅ နှစ်အထိ ကလေးများအား ဗီတာမင် အေ တိုက်ကျွေး ခြင်းနှင့် အသက် ၂နှစ်မှ၅နှစ်အထိ ကလေးများအား သံချဆေးတိုက်ကျွေးခြင်းကို တုံတာမြို့ အမျိုး သမီးကျန်းမာရေး ဆရာမ ဒေါ်နန်းလှအေးနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပြီး မိုးရာသီကာလအတွင်း ကလေးများ ဝမ်းလျှော၊ ဝမ်းပျက်ရောဂါ မဖြစ်စေရေး မိဘအုပ်ထိန်းသူများ က အလေးထားဂရုပြုဆောင်ရွက်ကြရန် ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို ၆ လ ၁ ကြိမ် ဆောင်ရွက်လျက်ရှိပြီး တုံတာ မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်မှ ကလေးစုစုပေါင်း (၁၇၆)ဦးအား တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
လှိုင်လှိုင်ငြိမ်း (ပြန်/ဆက်)