ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မိုးအေးတဲ့အချိန်မှာ မျှော်လင့်မထားတဲ့ရောဂါတွေက အလုံးအရင်းနဲ့ဝင်လာတတ်တယ်နော်။ ဒီလိုဝင်လာတဲ့ရောဂါတွေထဲမှာ ခံရအခက်ဆုံးက ရာသီတုပ်ကွေးပါ။ အချို့သောရာသီတုပ်ကွေးတွေက အသက်သေဆုံးသည်အထိပြင်းထန်နိုင်တာကြောင့် ကာကွယ်နိုင်မှ တော်ကာကျမှာပါ။ တုပ်ကွေးရာသီမှာ တုပ်ကွေးမဖြစ်အောင် ကာကွယ်ဖို့ စိတ်အားထက်သန်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်စေချင်ပါတယ်။

ရာသီတုပ်ကွေးကာကွယ်ရာမှာ လိုက်နာရမယ့် အခြေခံအဆင့်တွေက ဘာတွေများလဲ…….

ရာသီတုပ်ကွေးမကူးစက်ခံရအောင် ကာကွယ်ဖို့ဆိုရင် ဒီအချက်လေးတွေကို မဖြစ်မနေလိုက်နာဖို့ လိုပါမယ်။

-    အာဟာရပြည့်ဝအောင်စားမယ်
-    အိပ်ရေးဝဝအိပ်မယ်
-    တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်မယ်
-    လက်ဆေးမယ်
-    လူစုလူဝေးကို ရှောင်မယ်
-    တုပ်ကွေးကာကွယ်ဆေးထိုးမယ် စတဲ့အချက်တွေကိုလိုက်နာရုံပါ။
ဒီအချက်တွေထဲကမှ တုပ်ကွေးကာကွယ်ဖို့ အာဟာရပြည့်ဝအောင် စားသောက်မှုကို အထိရောက်ဆုံးဖြစ်စေဖို့  သွေးအမျိုးအစားအလိုက် တုပ်ကွေးကာကွယ်ဖို့ ဘာတွေစားပေးသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

သွေးအမျိုးအစားအလိုက် တုပ်ကွေးကာကွယ်ဖို့ ဘာတွေစားရမလဲ…….

တုပ်ကွေးကာကွယ်ဖို့အတွက် သွေးအမျိုးအစားအလိုက် စားပေးသင့်တာတွေက

A သွေးအမျိုးအစား

A သွေးပိုင်ရှင်လေးတို့အနေနဲ့ တုပ်ကွေးကာကွယ်ဖို့ဆိုရင်

ဒါလေးတွေစားပေးပါ……..

-    ပဲပိစပ်ကနေထုတ်ထားတဲ့ အစားအစာတွေ
-    အဆီကြွယ်ဝတဲ့ ပင်လယ်ငါး
-    နှမ်းကြတ်စေ့ဆီ
-    သံလွင်ဆီ
-    ကြက်သွန်နီ
-    အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ (ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ကိုက်လန်။ တရုတ်နံနံ)
-    ထောပတ်သီး
-    နာနတ်သီး
-    ချင်း (ဂျင်း)
-    နနွင်း
-    လက်ဖက်စိမ်းရေနွေးကြမ်း
-    ဘယ်ရီသီးတွေစားပေးသင့်ပါတယ်။

ဒါတွေရှောင်ပါ…….

-    အနီရောင်အသား
-    နွားနို့ကို အခြေခံထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေ
-    ပြောင်းဖူးဆီ
-    မြေပဲဆီ
-    အာလူး
-    ငရုတ်ပွ
-    ခရမ်းသီး
-    ခရမ်းချဉ်သီးစတာတွေကိုတော့ မစားသင့်ပါဘူး။

O သွေးအမျိုးအစား

O သွေးပိုင်ရှင်လေးတို့အနေနဲ့ တုပ်ကွေးကာကွယ်ဖို့ဆိုရင်

ဒါလေးတွေစားပေးပါ………

-    အဆီမပါတဲ့အသား (အမဲသား၊ ဆိတ်သား)
-    အဆီကြွယ်ဝတဲ့ ပင်လယ်ငါးတွေ
-    နှမ်းကြတ်စေ့ဆီ
-    သံလွင်ဆီ
-    ကြက်သွန်နီ
-    ကြက်သွန်ဖြူ
-    အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ (ဟင်းနုနွယ်၊ ကိုက်လန်၊ တရုတ်နံနံ)
-    နာနတ်သီး
-    ချင်း (ဂျင်း)
-    ငရုတ်သီးစိမ်း
-    နနွင်း
-    လက်ဖက်စိမ်းရေနွေးကြမ်း
-    ဘယ်ရီသီးတွေကို စားသုံးပေးသင့်ပါတယ်။

ဒါတွေရှောင်ပါ……..

-    ဂျုံနဲ့လုပ်တဲ့ အစားအစာတွေ
-    ပြောင်းဖူး
-    နွားနို့ကို အခြေခံထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေ
-    အာလူး
-    ကီဝီသီး
-    လိမ္မော်သီး
-    သကြားတို့ကို မစားသင့်ပါဘူး။

B သွေးအမျိုးအစား

B သွေးပိုင်ရှင်လေးတို့အနေနဲ့ တုပ်ကွေးကာကွယ်ဖို့ဆိုရင်

ဒါလေးတွေစားပေးပါ……

-    သိုးသား၊ ဆိတ်သား
-    အဆီကြွယ်ဝတဲ့ ပင်လယ်ငါး
-    ဒိန်ချဉ်
-    နှမ်းကြတ်စေ့ဆီ
-    သံလွင်ဆီ
-    ကြက်သွန်နီ
-    အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ (ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ကိုက်လန်။ တရုတ်နံနံ)
-    ချင်း (ဂျင်း)
-    နနွင်း
-    လက်ဖက်စိမ်းရေနွေးကြမ်း
-    ဘယ်ရီသီးတွေစားပေးသင့်ပါတယ်။

ဒါတွေရှောင်ပါ…….

-    ကြက်သား
-    ပင်လယ်စာ
-    ပြောင်းဖူး
-    နှမ်း
-    နှမ်းဆီ
-    မြေပဲ
-    မြေပဲဆီ
-    ပဲနီလေး
-    သကြား စတာတွေကို မစားသင့်ပါဘူး။

AB သွေးအမျိုးအစား

AB သွေးပိုင်ရှင်လေးတို့အနေနဲ့ တုပ်ကွေးကာကွယ်ဖို့ဆိုရင်

ဒါလေးတွေစားပေးပါ……..

-    ပဲပိစပ်ကနေထုတ်ထားတဲ့ အစားအစာတွေ
-    အဆီကြွယ်ဝတဲ့ ပင်လယ်ငါး
-    နှမ်းကြတ်စေ့ဆီ
-    သံလွင်ဆီ
-    ဒိန်ချဉ်
-    ဟင်းသီးဟင်းရွက်တွေ (ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး)
-    ကြက်သွန်နီ
-    ကြက်သွန်ဖြူ
-    သံပရိုသီး
-    နနွင်း
-    လက်ဖက်စိမ်းရေနွေးကြမ်း
-    စပျစ်သီး
-    ဘယ်ရီသီးတွေကို စားသုံးပေးသင့်ပါတယ်။

ဒါတွေရှောင်ပါ……

-    ကြက်သား
-    ပြောင်းဖူး
-    ပြောင်းဖူးဆီ
-    မြင်းစားဂျုံ
-    နှမ်း
-    နှမ်းဆီ
-    နေကြာစေ့
-    နေကြာဆီ
-    ဗိုလ်စားပဲ
-    ငှက်ပျောသီး
-    ကော်ဖီ တို့ကိုတော့ မစားသင့်ပါဘူး။

ကဲ…… သွေးအမျိုးအစားအလိုက် စားသင့်တာလေးတွေကို သတိထားစားပေးလို့ ကိုယ့်ကိုကိုယ် တုပ်ကွေးအန္တရာယ်ကနေ ကာကွယ်လိုက်ပါ Hello ဆရာဝန်ပရိသတ်ကြီးရေ………….

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”