ဒမတ်စကတ် ဖေဖော်ဝါရီ ၂၄
တူကီယဲနှင့် ဆီးရီးယားနယ်စပ်အနီး ငလျင်ကြောင့် သေဆုံးသူဦးရေမှာ ၄၉၀၀၀ ကျော်အထိ ရှိလာပြီဖြစ်သည်။ ငလျင်ကြောင့် နေအိမ်များ ပျက်စီးသွားသည့်အတွက် အိုးမဲ့အိမ်မဲ့ဖြစ်ရသည့် အရေအတွက်မှာ လည်း များပြားသည်။
ငလျင်ကြောင့် တူကီယဲတွင် သေဆုံးသူဦးရေမှာ ၄၃၅၅၆ ဦးရှိပြီး ဆီးရီးယားတွင် ၅၉၁၄ဦးရှိသည်။ ပြင်းအား ၇ ဒသမ ၈ မဂ္ဂနီကျူရှိသည့် ငလျင်သည် ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့ပြီး အပျက်အစီးကြီးမား ခဲ့သည်။ တူကီယဲနိုင်ငံတွင် အဆောက်အအုံပေါင်း ၁၁၈၀၀၀ ထက် မနည်း ပြိုကျပျက်စီးခဲ့သည်။ အယ်ဘစ္စတန်တောင်ပိုင်းခရိုင် အုပ်ချုပ် ရေးမှူး ဟာဆန်ဘူရယ်က ၎င်းတို့ဒေသတွင် ငလျင်ကြောင့် သေဆုံးသူ ၉၃၀ ရှိပြီး ဒဏ်ရာရရှိသူ ၃၃၀၀ ရှိသည်ဟု အင်န်အိတ်ချ်ကေသို့ ပြော သည်။
ခရိုင်အတွင်း လူပေါင်း ၂၀၀၀၀ ကိုလည်း အခြားနေရာသို့ရွှေ့ပြောင်း ပေးခဲ့ရသည်။ လက်ရှိတွင် လူပေါင်း ၁၂၀၀၀ မှာ ယာယီတဲများ ရွက်ဖျင် တဲများတွင် နေထိုင်နေရသည်။ အဆိုပါဒေသမှ လူများမှာ ၎င်းတို့၏ပုံမှန် လူနေမှုဘဝသို့ပြန်ရောက်ရန် အချိန်ခြောက်လမှ တစ်နှစ်အထိ ယူရဦး မည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။
အင်န်အိတ်ချ်ကေ