အန်ကာရာ၊ ဖေဖော်ဝါရီ ၂၈

 

တူကီယဲနိုင်ငံတောင်ပိုင်းကို ပျက်စီးမှုများ ဖြစ်စေခဲ့သည့် ပြင်းထန်သော ငလျင်လှုပ်ပြီး သီးတင်ပတ် သုံးပတ်ကြာ အပျက်အစီး ဖယ်ရှားမှုလုပ်ငန်းများနှင့် ယာယီနားခိုအိမ် တည်ဆောက်ခြင်း လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသော်လည်း ငလျင် ဒုက္ခသည်များသည် ၎င်းတို့၏ ဘဝများကို ပြန်လည်တည်ဆောက်ရာတွင် စီးပွားရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ အများစုသည် မိသားစုဝင်များဆုံးရှုံးပြီး အလုပ်အကိုင် များလည်း ဆုံးရှုံးခဲ့ကြသည်။

 

ငလျင်ကြောင့် ငါးထပ်အဆောက်အအုံ ပြိုကျခဲ့ပြီး ခင်ပွန်းသည်ဆရာနှင့် အသက် ၁၁ နှစ်အရွယ်သားတို့ သေဆုံးခဲ့ပြီးနောက် ကျန်ရစ်ခဲ့သော သမီးနှစ်ဦးနှင့် ခြောက်လသား ကလေးတို့ကို အသက်ရှင်သန်အောင် စောင့်ရှောက်လျက်ရှိသော အန်တာကျဒေသမှ အသက် ၃၈ နှစ်ရှိ အာဆလီကိုလက်ခ်က ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာကို ဂရုစိုက်ရန် အရေးကြီးဆုံးကိစ္စ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ကျောင်းဆရာအလုပ်ဖြင့် မလောက်ငသည့်အတွက် ဘေးပန်းအလုပ်တစ်ခုဖြစ်သည့် ပုဂ္ဂလိက ဆရာအလုပ်ကို ရှာဖွေခဲ့ရကြောင်း သူက ဆက်လက်ပြောကြားသည်။ အခြားငလျင်ဒဏ်ခံ ဒုက္ခသည်များမှာလည်း တခြားစီးပွားရေးဆိုင်ရာ အကျပ်အတည်းများရှိကြောင်း သိရသည်။   

အင်န်အိတ်ချ်ကေ