အန်ကာရာ၊ ဖေဖော်ဝါရီ ၁၃
တူကီယဲ - ဆီးရီးယားနယ်စပ်အနီး ဖေဖော်ဝါရီ ပထမပတ်အတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်ဗဟို ချက်တစ်ဝိုက် အပျက်အစီးများကို ကြည့်ခြင်း အားဖြင့် ယင်းဖြစ်စဉ်သည် နှစ်ပေါင်း ၁၀၀ အတွင်း အဆိုးရွားဆုံး ဖြစ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ အကူ အညီပေးရေးအဖွဲ့ အကြီးအကဲက ပြောကြားလိုက်သည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အထွေထွေအတွင်းရေးမှူးနှင့် အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး မာတင်ဂရစ်ဖစ် သည် ဖေဖော်ဝါရီ ၁၁ ရက်က ငလျင်ကြောင့် ပျက်စီးသွားသော တူကီယဲနိုင်ငံ တောင်ပိုင်းပြည်နယ်ရှိ ခါရမန်းမာရက်ဇ်သို့ သွားရောက်ခဲ့ ပြီး တူကီယဲနှင့် ဆီးရီးယား နှစ်နိုင်ငံလုံးရှိ ငလျင်ဒဏ်သင့် ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် သုံးလကြာအကူအညီပေးရေး လှုပ်ရှားမှုတစ်ရပ်ကို လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂ အကူ အညီပေးရေး အကြီးအကဲက သတင်းထောက် များကို ပြောကြားသည်။
တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့တွင် ငလျင်လှုပ်ခတ်ပြီးနောက် တစ်ပတ်နီးပါး အကြာတွင် လူပေါင်း ၂၈၀၀၀ ကျော် သေဆုံး ကြောင်း ထုတ်ပြန်ခဲ့သည်။
အန်အိတ်ချ်ကေ