အန်ကာရာ မတ် ၂၂
တူကီယဲနိုင်ငံ ဖေ့ဒ်ခရိုင်တွင် မတ် ၂၂ ရက်က ဓာတ်ငွေ့ပေါက်ကွဲရာမှတစ်ဆင့် အဆောက်အအုံတစ်ခု ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို အခင်းဖြစ်နေရာသို့ စေလွှတ်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်စေခဲ့ရာ လက်ရှိအချိန်တွင် အပျက်အစီးများကြားတွင် ပိတ်မိနေသူများအနက် ခုနစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အစ္စတန်ဘူလ် မြို့တော်ဝန် ဒီဗတ်ဂေါက ပြောကြားသည်။
ပေါက်ကွဲမှုမှ ထွက်လာသည့် အပျက်အစီးအပိုင်းအစများသည် တူကီယဲနိုင်ငံ အေဗန်စရီဒေသရှိ လမ်းပေါ်တွင် ပြန့်ကြဲနေကြောင်း တာဝန်ရှိသူများက ပြောသည်။
၎င်းဒေသတွင် နိုင်ငံ၏ သက်တမ်းအရှည်ဆုံးအဆောက်အအုံများ တည်ရှိပြီး ခိုင်ခံ့မှုအားနည်းနေကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


