အစ္စတန်ဘူလ် ဖေဖော်ဝါရီ ၁၇
တူကီယဲနိုင်ငံတွင် လူမှုမီဒီယာမှတစ်ဆင့် အိုင်အက်စ်အဖွဲ့အားထောက်ခံဝါဒဖြန့်မှုနှင့် ၎င်းအဖွဲ့ဝင်များအား ငွေကြေးထောက်ပံ့မှုဖြင့် ဒေသခံ ၁၃ ဦးကို တူကီယဲရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ငွေလွှဲပြောင်းပေး
အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ်အဖွဲ့ဝင်များ၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ ယခုကဲ့သို့ ဖမ်းဆီးမှုများကို ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း အစ္စတန်ဘူလ် တရားရေးဌာနရုံးမှ ထုတ်ပြန်ခဲ့သည်။ မြို့တော် အစ္စတန်ဘူလ်နှင့် နိုင်ငံတောင်ပိုင်း အက်ဒါနာပြည်နယ်ရှိ နေရာအများအပြားတွင် စစ်ဆင်ရေးများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ တရားခံများသည် အိုင်အက်စ်အဖွဲ့ဝင်များနှင့် မိသားစုများအတွက် ဘဏ်စာရင်းတစ်ခုသို့ ငွေလွှဲပြောင်းပေးခဲ့ကြောင်းနှင့် ၎င်းငွေများကို အီရတ်နှင့် ဆီးရီးယားရှိ ဖမ်းဆီးထားသည့် အိုင်အက်စ်အဖွဲ့ဝင်များထံ ပေးပို့ခဲ့ သည်ကို တွေ့ရှိရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ပြောကြား
ပြည်ပတွင်ရောက်ရှိနေသည့် အိုင်အက်စ်အဖွဲ့ဝင် နှစ်ဦးအတွက်လည်း ဖမ်းဝရမ်းများထုတ်ပြန်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ တူကီယဲနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်းမှစတင်၍ အိုင်အက်စ်နှိမ်နင်းရေးစစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


