ဩဂုတ် ၂၉

 

တူကီယဲနိုင်ငံအနောက်မြောက်ပိုင်း ဘာဆာပြည်နယ်တွင် ယမန်နေ့က ခရီးသွားဘတ်စ်ကားတစ်စီး ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျသောကြောင့် လူသုံးဦးထက်မနည်းသေဆုံးပြီး ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒီမိရိုရန်သတင်းအေဂျင်စီ(ဒီအိတ်ချ်အေ) က ဖော်ပြထားသည်။

 

အရေးပေါ်တုံ့ပြန်ရေးအဖွဲ့၊ ဆေးကုသမှုဆိုင်ရာအဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့တို့သည် ထိုမတော်တဆမှုဖြစ်ပွားရာ နေရာသို့ရောက်ရှိပြီး ဒဏ်ရာရသူအားလုံးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဘာဆာပြည်နယ်အုပ်ချုပ်ရေးမှူး ရတ်ခ်ကန်ဘိုလတ်က ပြောကြားသည်။

 

အဆိုပါဘတ်စ်ကားသည် ဘရိတ်ချို့ယွင်းမှုကြောင့် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကနဦးသတင်းဖော်ပြချက်အရ သိရသည်။

 

ထိုမတော်တဆမှုဖြစ်ပွားသည့်အကြောင်းရင်းကို မသိရှိရသေးသော်လည်း ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ဆက်လက်လုပ်ဆောင်နေသည်ဟု ၎င်းက ထပ်လောင်းပြောသည်။

 

ယင်းဘတ်စ်ကားသည် အနောက်မြောက်ပိုင်းရှိ ဘာဆာပြည်နယ်သို့ ဦးတည်သွားနေခြင်းဖြစ်ပြီး  ၎င်း၏ခရီးစဉ်ကို ကူတာယာပြည်နယ်အလယ်ပိုင်းမှစတင်ခဲ့ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို