အန်ကာရာ၊ ဖေဖော်ဝါရီ ၂၀
တူကီယဲနိုင်ငံ အရှေ့တောင်ပိုင်း၌ ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့သော မြေငလျင်ကြီးနှစ်ခုကြောင့် သေဆုံးသူအရေအတွက်သည် ၄၀၆၄၂ ဦး အထိရှိလာကြောင်း တူကီယဲနိုင်ငံ သဘာဝဘေး အေဂျင်စီက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားသည်။
လက်ရှိတွင် ငလျင်ဘေးဒဏ်သင့်ခဲ့သူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သဘာဝဘေးနှင့် အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ အာဏာပိုင်အဖွဲ့ အကြီးအကဲ ယွန်နက်စ်ဆီဇာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဟာတေးပြည်နယ်တောင်ပိုင်း၌ အားသွန်ခွန်စိုက် လုပ်ဆောင်နေခြင်းဖြစ်ပြီး ယင်းပြည်နယ်သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကို အများဆုံးခံစားခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ယင်းဒေသတွင် သဘာဝဘေး ကယ်ဆယ်ရေးလုပ်သား ၁၃၀၀၀ နီးပါးက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သဘာဝဘေးနှင့် အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ အာဏာပိုင်အဖွဲ့အကြီးအကဲ ယွန်နက်စ်ဆီဇာက ပြောကြားသည်။
ထို့ပြင် ဟာတေးပြည်နယ်မှ ပြည်သူစုစုပေါင်း ၄၃၀၀၀၀ အား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်ကြောင်း ယွန်နက်စ်ဆီဇာက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ၊
ဘာသာပြန်-အလင်းသစ်