ဖေဖော်ဝါရီ ၂၁

တူကီယဲနိုင်ငံတောင်ပိုင်း ဆီးရီးယားနိုင်ငံနယ်စပ်အနီးတွင် ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက ပြင်းအား ၆ ဒသမ ၄ ပမာဏရှိ ငလျင်ထပ်မံလှုပ်ခတ်ခဲ့သည်ဟု သိရသည်။

အဆိုပါအားပြင်းငလျင်လှုပ်ခတ်မှုကြောင့် နှစ်နိုင်ငံစလုံးတွင် ထပ်မံထိခိုက်သေဆုံးမှုများရှိကြောင်း ဖော်ပြထားသည်။

ပြင်းအား ၅ ဒသမ ၈ ပမာဏရှိ နောက်ဆက်တွဲငလျင်လှုပ်ပြီးနောက်မိနစ်အနည်းငယ်အတွင်း ထိုငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုငလျင်လှုပ်မှုကြောင့် သုံးဦးသေဆုံးပြီး ၂၁၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တူကီယဲပြည်ထဲရေးဝန်ကြီးက ဖော်ပြထားသည်။

တူကီယဲနှင့်ဆီးရီးယားနိုင်ငံတို့တွင် ဖေဖော်ဝါရီလ ၆ ရက်က ပြင်းအား ၇ ဒသမ ၈ ပမာဏရှိငလျင်နှင့် နောက်ဆက်တွဲငလျင်များလှုပ်မှုကြောင့် လူပေါင်း ၄၇၀၀၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို