ဖေဖော်ဝါရီ ၆
တူကီယဲနိုင်ငံ အရှေ့တောင်ပိုင်းတွင် ယနေ့မနက်ပိုင်းက အားကောင်းသောငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံအတွင်းနှင့်အိမ်နီးချင်း ဆီးရီးယားနိုင်ငံတို့တွင် လူ ၁၀၀ ထက်မနည်းသေဆုံးခဲ့သည်ဟု သိရသည်။
တူကီယဲနိုင်ငံအရှေ့တောင်ပိုင်း ကာဟာမန်မာရတ်ပြည်နယ်၊ ဆီးရီးယားနိုင်ငံအနီးတွင် ပြင်းအား ၇ ဒသမ ၄ ပမာဏငလျင်လှုပ်ခတ်ခဲ့သည်ဟု တူကီယဲသဘာဝဘေးစီမံခန့်ခွဲရေးတာဝန်ရှိသူများက ဆိုသည်။
အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် လူ ၇၆ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၄၄၀ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ထိုငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦ ၁၄၀ ပြိုကျခဲ့ပြီး လူ ၂၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မာလတ်ရာပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ ဆန်လီရာဖာပြည်နယ်အုပ်ချုပ်ရေးမှူးကမူ လူ ၁၇ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဆိုသည်။
ဆီးရီးယားနိုင်ငံပိုင်မီဒီယာက နိုင်ငံအတွင်း ၄၂ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
တူကီယဲသဘာဝဘေးစီမံခန့်ခွဲရေးအဖွဲ့တာဝန်ရှိသူများက ပြင်းအား ၆ ဒသမ ၆ ပမာဏ အပါအဝင် ငလျင်ငယ်ပေါင်း ၄၀ ကျော် လှုပ်ခတ်ခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ တာဝန်ရှိသူများက အဆောက်အဦအပျက်အစီများအောက်သို့ မဝင်ရောက်ကြရန် ပြည်သူများအား တိုက်တွန်းပြောကြားထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို