ဇွန် ၂၁
တူကီယဲနိုင်ငံအရှေ့တောင်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုကြောင့် ငါးဦးသေဆုံးခဲ့ပြီး အခြား ၄၄ ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး အလီရာလီကာရာက ယနေ့တွင် ပြောကြားသည်။
မာဒင်ပြည်နယ် မာဇီဒါဂီခရိုင်နှင့် ဒီရာဘာကာပြည်နယ် စီနာခရိုင်တို့အကြားရှိ စိုက်ပျိုးမြေဒေသတို့တွင် ယမန်နေ့ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု ၎င်းကဆိုသည်။
လေပြင်းတိုက်ခိုက်မှုကြောင့် ပိုမိုကျယ်ပြန့်စွာလောင်ကျွမ်းခဲ့သော်လည်း မီးသတ်သမားများက ငြှိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။
ဒေသအာဏာပိုင်များက ရာသီဉတုခြောက်သွေ့မှုနှင့် အလွန်ပူပြင်းမှုတို့ကြောင့် တောမီးလောင်ကျွမ်းမှုများမြင့်မားနိုင်ကြောင်း ယခုသီတင်းပတ်အတွင်း သတိပေးချက်ထုတ်ပြန်ထားသည်။
တူကီယဲနိုင်ငံသည် အထူးသဖြင့် အနောက်ပိုင်းနှင့်တောင်ပိုင်းဒေသတို့၌ နွေရာသီတွင် တောမီးလောင်ကျွမ်းမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို