အန်ကာရာ  ဖေဖော်ဝါရီ  ၂၁

တူကီယဲနိုင်ငံ  လုံခြုံရေးတပ်ဖွဲ့များက  ခရိုင် ၂၇   ခု၌   တစ်ပြိုင်နက်တည်းလုပ်ဆောင်ခဲ့ သည့် စစ်ဆင်ရေးများတွင် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ   ၁၄၄   ဦးကို   ဖမ်းဆီးခဲ့ ကြောင်း  တူကီယဲပြည်ထဲရေးဝန်ကြီး အလီ ရာလီကာယာက   ဖေဖော်ဝါရီ     ၂၁    ရက်က ပြောကြားသည်။

အစ္စတန်ဘူလ်အပါအဝင်   အဓိကမြို့ပြ ဒေသများတွင်     လူပေါင်း     ၈၃၂၂   ဦးအား အထောက်အထားစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အထောက်အထားမဲ့      ရွှေ့ပြောင်းနေထိုင်သူ ၁၄၄ ဦးကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးက ပြောကြားသည်။

ဖမ်းဆီးခံ      ရွှေ့ပြောင်းနေထိုင်သူများ အတွက် နေရပ်ပြန်ပို့ခြင်းဆိုင်ရာ လုပ်ငန်းစဉ် များ စတင်နေပြီဟု  ၎င်းကဆိုသည်။ တူကီယဲ က ဥရောပနိုင်ငံများသို့ ဝင်ရောက်အခြေချရန် ကြိုးပမ်းနေသော     တရားမဝင်    ရွှေ့ပြောင်း နေထိုင်သူများ၏ အဓိကလမ်းကြောင်းတစ်ခု သဖွယ်ဖြစ်လာနေမှုကြောင့်     တရားမဝင် ဝင်ရောက်မှုနှင့်ပတ်သက်သည့် စိန်ခေါ်မှုများ ကို ရင်ဆိုင်နေရသည်။

ဆင်ဟွာ