အန်ကာရာ ဇွန် ၁၅
တူကီယဲနိုင်ငံ အလယ်ပိုင်းတွင် ဇွန် ၁၅ ရက်က မိုးပျံပူဖောင်းတစ်ခု ပျက်ကျပြီးနောက် တစ်ဦး သေဆုံးပြီး ခရီးသွား ၁၉ ဦး ဒဏ်ရာရရှိကြောင်း ဒေသတွင်းနေ့စဉ်သတင်းစာ ကမ်ဟူရီရတ်က ဖော်ပြသည်။
အက်ဆာရေးပြည်နယ် ဂူဇဲရော့ထ်ခရိုင်ရှိ အစ်ရှ်လာရာတောင်ကြားမှ ပျံသန်းလာသော မိုးပျံပူဖောင်း နှစ်ခုသည် ဂေါ့ဇ်လုခ်ကိုယုဒေသအနီးတွင် ပျံတက်ပြီးနောက်မကြာမီပျက်ကျခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ် ဖြစ်ပွားရသည့်အကြောင်းရင်းကို မသိရသေးကြောင်း ဖော်ပြထားသည်။
မိုးပျံပူဖောင်းပျက်ကျစဉ် မောင်းနှင်သူသည် ဆိုင်းကြိုးများနှင့် ငြိပြီး အောက်သို့ပြုတ်ကျ ပိမိသေဆုံး သွားခဲ့ခြင်းဖြစ်ကာ ခရီးသည် ၁၉ ဦးလည်း ထိခိုက်ခဲ့ကြောင်း၊ ခရီးသည်များကို ဆေးရုံသို့ ပို့ဆောင် ထားပြီး စစ်ဆေးကုသမှုများ လုပ်ဆောင်ပေးနေကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး မာမက် အလီကွန်ဘူဇိုဂလူက ပြောကြားသည်။ ဒဏ်ရာရခရီးသွားများမှာ အင်ဒိုနီးရှားနိုင်ငံသားများ ဖြစ်ကြ ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန် ထားသည်။
ဆင်ဟွာ