ဖေဖော်ဝါရီ ၂၁
တူကီယဲနှင့်ဆီးရီးယားနိုင်ငံတို့တွင် မကြာသေးမီက ငလျင်များလှုပ်ခတ်ခဲ့ပြီးနောက် သေဆုံးသူပေါင်း ၄၇၀၀၀ ကျော်ရှိလာသည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၆ ရက်က ပြင်းအား ၇ ဒသမ ၈ ပမာဏရှိငလျင်လှုပ်ခတ်ခဲ့ပြီး အားပြင်းသော နောက်ဆက်တွဲ ငလျင်များလှုပ်မှုကြောင့် တူကီယဲနိုင်ငံတွင် ၄၁၁၅၆ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ဆီးရီးယားနိုင်ငံတွင် ၅၉၁၄ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ထိုငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော လူပေါင်း တစ်သန်းကျော်သည် ရွက်ဖျင်တဲများ၊ ယာယီအဆောက်အအုံများတွင် ခိုလှုံနေထိုင်ကြရသည်။
တူကီယဲနိုင်ငံတောင်ပိုင်း ငလျင်ဗဟိုချက်အနီးတွင်တည်ရှိသော နာဒါဂီမြို့နှင့်အနီးအနားဒေသတွင် ယာယီဈေး၊ ဆေးခန်းနှင့် ပညာရေးနှင့်ပတ်သက်သောအဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းများလည်း လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။
တူကီယဲအာဏာပိုင်များက ငလျင်ဘေးဒဏ်ခံကြရသူများအတွက် အဆောက်အအုံများအမြန်ဆောက်လုပ်ပေးနေသော်လည်း အချိန်ယူလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို