အန်ကာရာ ဇွန် ၁၆
တူကီယဲရဲတပ်ဖွဲ့သည် နိုင်ငံတစ်ဝန်း လွန်ခဲ့သည့် သီတင်းနှစ်ပတ်အတွင်း အိုင်အက်စ်အဖွဲ့နှင့် ဆက်စပ်သည်ဟု သံသယရှိသူ ၃၉ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း တူကီယဲပြည်ထဲရေး ဝန်ကြီး အလီယယာလီခါယာက ဇွန် ၁၆ ရက်တွင် ပြောကြားသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို အဒါနာ၊ ဘာဆာ၊ ဟာတေး၊ အစ္စတန်ဘူလ်နှင့် ဆမ်ဆန်းအပါအဝင် ပြည်နယ်၁၈ ခုတွင် ပြုလုပ်ခဲ့ကြောင်း ၎င်းက လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်း X တွင် ပြောကြားသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်စဉ်အတွင်း အိုင်အက်စ်အဖွဲ့အစည်း၏ စာရွက်စာတမ်းများနှင့် ဒစ်ဂျစ်တယ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
တူကီယဲသည် အိုင်အက်စ်ကို ၂၀၁၃ ခုနှစ်က အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံအတွင်း လူအသေအပျောက်များသည့် တိုက်ခိုက်မှုများအတွက် ပြစ်တင်ရှုတ်ချခဲ့သည်။
ဆင်ဟွာ