တူမီးသေနတ်ဖြင့် ဆော့ကစားရာမှ ယမ်းပေါက်ထွက်၍ ကလေးတစ်ဦးသေဆုံး

နေပြည်တော် ၁၀  ဖေဖော်ဝါရီ 

 

တမူးမြို့နယ်၊ ထုံကတင်ကျေးရွာနေ ထွန်းတောက်(၁၁)နှစ်(၆)တန်းနှင့် ညီမဝမ်းကွဲ မစုမြတ်သန္တာစိုး(၇)နှစ် (ဒုတိယတန်း)တို့ ၂ ဦးသည် ဖေဖော်ဝါရီ  ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်က  ဖခင်ဖြစ်သူ ထွန်းကျော်(၄၂)နှစ်၏ အရှည် ၄ ပေခွဲခန့်ရှိ တူမီးသေနတ်အား အတူဆော့ကစားရာမှ အသင့်ထည့်ထားသော ယမ်းပေါက်ထွက်ခဲ့ရာ မစုမြတ်သန္တာစိုးတွင် ဝဲရင်အုံထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် မင်းသာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်ကြောင့်  ထွန်းတောက်နှင့်  တူမီးသေနတ်လက်ဝယ်ထားရှိသူ ထွန်းကျော် အား မြို့သစ်နယ်မြေရဲစခန်း အရေးယူထားကြောင်း သတင်းရရှိသည်။

 

MDN