၂၆ ဇူလိုင်
တူနီးရှား သမ္မတ ဘေဂျီ ကတ် အက်ဆက်ဆိုင် ၉၂ နှစ်သည် ယမန့်က ကွယ်လွန်ခဲ့သည်။ ၎င်းသည် တူနီးရှားနိုင်ငံ၏ သမ္မတအဖြစ် ပထမဦးဆုံး ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ခံရသူ ဖြစ်သည်။
ဘေဂျီကတ် အက်ဆဘ်ဆိုင်သည် ကျူးနစ်မြို့တော်ရှိ စစ်ဆေးရုံ တစ်ခုတွင် ယမန်နေ့က သေဆုံးခဲ့ကြောင်း ထိုသမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။
၎င်းသေဆုံးသည့် အကြောင်းရင်းကို မသိရှိရသေးသော်လည်း ပြီးခဲ့သည့် ဇွန်လက ဆေးရုံတက် ခဲ့ရကြောင်း ဖော်ပြထားသည်။
တူနီးရှားနိုင်ငံသည် ၁၉၅၆ ခုနှစ်တွင် ပြင်သစ်နိုင်ငံမှ လွတ်လပ်ရေးရရှိပြီးနောက် တူနီးရှား နိုင်ငံ၏ ပထမဆုံးသမ္မတ ဟာဘစ် ဗူဂီးဗား၏ လက်အောက်တွင် ဘေဂျီကတ် အက်ဆဘ်ဆိုင်သည် ပါတီနိုင်ငံရေး လှုပ်ရှားမှု အဓိက လုပ်ဆောင်ခဲ့သည်။
ဘေဂျီ ကတ် အက်ဆဘ်ဆိုင် သည် ၂၀၁၁ ခုနှစ်တွင် သမ္မတ ဇိုင်အယ် အမ်ဘီဒိုင် ဗမ်အလီ ကို ဖြုတ်ချပြီး နိုင်ငံရေးလှုပ်ရှားမှုမှ အနားယူခဲ့သည်။ အာဖရိကနှင့် အရှေ့အလယ်ပိုင်းတို့တွင် အာဏာရှင် ခေါင်းဆောင်များကို ဆန့်ကျင်သည့် အာရပ်နွေဦး လူထုအုံကြွမှုများ ပထမဆုံး ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ဘေဂျီ ကတ် အက်ဆဘ်ဆိုင် သည် ၂၀၁၄ ခုနှစ်က တူနီးရှားနိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ယင်းနိုင်ငံ၏ ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
သမ္မတ ရွေးကောက်ပွဲကို စက်တင်ဘာ ၁၅ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီး ပါလီမန် ဥက္ကဋ္ဌ မိုဟာမက် အီနာဆာ က သမ္မတသစ် ရွေးကောက်တင်မြှောက်ပြီးချိန်အထိ ကြားကာလတွင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို