တူနီးရှားကမ်းလွန်၌ လှေတစ်စင်းတိမ်းမှောက်၊ ရွှေ့ပြောင်းသွားလာသူ အများအပြား ပျောက်ဆုံးနေ

 ၅ ဇူလိုင်

 

ဇူလိုင် ၃ ရက်က တူနီးရှားကမ်းလွန် မြေထဲပင်လယ်အတွင်း အာဖရိကတိုက်မှ ရွှေ့ပြောင်းသွားလာသူများ တင်ဆောင်လာသည့် လှေတစ်စင်း တိမ်းမှောက်ခဲ့ရာ လူတစ်ဦး သေဆုံးပြီး ၈၂ ဦး ပျောက်ဆုံးခဲ့သည်။  

 

ဥရောပတိုက်သို့သွားရောက်သည့် အဆိုပါလှေမှာ မြောက်အာဖရိကရှိ လစ်ဗျားနိုင်ငံမှ ထွက်ခွာခဲ့ခြင်း ဖြစ်ကြောင်း တူနီးရှားလခြမ်းနီအဖွဲ့က ပြောကြားသည်။

 

လေးဦးကို ကယ်တင်နိုင်ခဲ့သော်လည်း တစ်ဦးမှာ ဆေးရုံရောက်ပြီးနောက် သေဆုံးခဲ့ကြောင်း အဆိုပါ အုပ်စုက ပြောကြားခဲ့သည်။ လူပေါင်းများစွာမှာ ရေနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ 

 

ကယ်ဆယ်ခဲ့သူများတွင် အနောက်အာဖရိကတိုက်ရှိ မာလီ၊ အိုင်ဗရီကို့စ်နိုင်ငံသားများ ပါဝင်သည်။ အဆိုပါ လှေသည် အာဖရိကမှ ဥရောပသို့  ရွေ့ပြောင်းလုပ်သမား တင်ဆောင်လာသည့် လှေများထဲမှ တစ်စင်းဖြစ်သည်။ 

 

၂၀၁၉ ခုနှစ် တစ်နှစ်ထဲ၌ပင် ရွေ့ပြောင်းသွားလာသူ ၆၈၁ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းလုပ်သားများအဖွဲ့က ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်