ဇွန် ၂၄

 

တူနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၆၃၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၃၉၁၄၁၁ ဦး အထိ မြင့်တက်လာသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၉၅ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ ၁၄၃၁၈ ဦး ရှိလာသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည် ကောင်းမွန်လာသူစုစုပေါင်း ၃၄၀၈၃၄ ဦး ရှိသည်ဟု ထိုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

တူနီးရှားနိုင်ငံတွင် လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ စမ်းသပ်စစ်ဆေးပြီးသူပေါင်း ၁၆၃၇၂၂၈ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

ထိုနေ့အစောပိုင်းက ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ခြောက်ဦး တွေ့ရှိကြောင်း ထိုဝန်ကြီးဌာနက အတည်ပြုထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို