တူးနစ် ၂၇ ဇူလိုင်

တူနီးရှားနိုင်ငံ၏ သမ္မတရွေးကောက်တင်မြှောက်ပွဲ ပထမအကျော့ကို စက်တင်ဘာ ၁၅ ရက်တွင် စတင် ကျင်းပမည်ဟု တူနီးရှားလွတ်လပ်သော အဆင့်မြင့်ရွေးကောက်ပွဲအာဏာပိုင်အဖွဲ့ (အိုင်အက်စ်အိုင်အီး) က ဇူလိုင် ၂၅ ရက် ညနေပိုင်း၌ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

တူနီးရှားနိုင်ငံသမ္မတ ဘေဂျီဆာ အစ်ဒ်အက်စ်ဘီသည် ဇူလိုင် ၂၅ ရက်နံနက်ပိုင်း၌ ကွယ်လွန်သွားပြီး နောက်တွင် တူနီးရှားရွေးကောက်ပွဲ အာဏာပိုင်အဖွဲ့ (အိုင်အက်စ်အိုင်အီး) က အဆိုပါဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

တူနီးရှားနိုင်ငံသမ္မတ အက်စ်ဘီကွယ်လွန်ပြီး နာရီအနည်းငယ်အကြာတွင် တူနီးရှားလွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် အန်နာကူရာ က ယာယီသမ္မတအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ယင်းယာယီသမ္မတ၏သက်တမ်းမှာ ၄၅ ရက်မှ အမြင့်ဆုံး ရက်ပေါင်း ၉၀ အထိ တာဝန်ထမ်း ဆောင်ရမည်ဖြစ်သည်။

ယာယီသမ္မတတစ်ဦးက တာဝန်ထမ်းဆောင်နေသည့် ကာလအတွင်း၌ တူနီးရှားနိုင်ငံ၏ အခြေခံဥပဒေနှင့်အညီ သမ္မတရွေးကောက်ပွဲကိုကျင်းပရမည် ဖြစ်သည်။

ဆင်ဟွာ