၁ မေ

 

တူနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၄ ဦး ရှိပြီး ကူးစက်ခံရသူပေါင်း ၉၉၄ ဦး ရှိလာကြောင်း တူနီရှားကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ညက သတင်းထုတ်ပြန်ခဲ့သည်။

 

နိုင်ငံအတွင်း ကူးစက်ခံရပြီးနောက် ပြန်လည်ကောင်းမွန်လာသူပေါင်း ၃၀၅ ဦးရှိပြီး သေဆုံးသူ ၄၁ ဦး ရှိကြောင်း ထိုကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

တူနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည့် မတ်လ ၂ ရက်နေ့မှစတင်ကာ စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့သူပေါင်း ၂၂၉၅၇ ဦး ရှိကြောင်း ယင်းထုတ်ပြန်သော ကိန်းဂဏန်းများက ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို