၉ ဇွန်
နိုင်ငံတစ်ဝှမ်း ညမထွက်ရ အမိန့် ပြန်လည်ရုပ်သိမ်းရန် တူနီးရှားသမ္မတ Kais Saied က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
တူနီးရှား သမ္မတ၏ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းလုံး ညမထွက်ရအမိန့်ကို ဇွန် ၈ ရက်မှ စတင် ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
တူနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန် ညမထွက်ရ အမိန့်ကို မတ်လ ၁၇ ရက်နေ့မှ စတင်ကြောင်း ကြေညာခဲ့သည်။ ယင်းအမိန့်ကို မတ်လ ၂ ရက်နေ့တွင် ပထမဆုံး ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ပါလီမန် ဉက္ကဌ ရာချဒ် ဂါနော့ချီ နှင့် အစိုးရ အကြီးအကဲ အယ်ရက် ဖော့ရှ် တို့ ဆွေးနွေးညှိနှိုင်းပြီး ယင်းသို့ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်ကြောင်း သမ္မတ ပြောကြားချက်အရ သိရသည်။
တူနီးရှားတွင် ငါးရက်ဆက်တိုက် ကိုဗစ်-၁၉ ကူးစက်မှု မရှိကြောင်း တူနီးရှား ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်သူ အရေအတွက် ၁၀၈၇ ရှိသည်ဟု အတည်ပြုဖော်ပြထားသည်။
တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် တူနီးရှားနိုင်ငံကို ကူညီခဲ့သည်။
စမ်းသပ်ကိရိယာများ၊ အကာအကွယ် မျက်မှန်များနှင့် နှာခေါင်းစည်းများ အပါအဝင် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို ဧပြီ ၁၆ ရက်နေ့တွင် တူနီးရှားအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနသို့ တရုတ်နိုင်ငံက ပေးအပ်လှူဒါန်းခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို