၁၅ ဇွန်

 

တူရကီနိုင်ငံငံ အရှေ့ပိုင်း ဘင်ဂဲလ်ပြည်နယ်တွင် ယမန်နေ့က ပြင်းအား ၅ ဒသမ ၇ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း နိုင်ငံ၏ သဘာဝဘေးနှင့် အရေးပေါ် စီမံခန့်ခွဲရေးဆိုင်ရာ အာဏာပိုင် အဖွဲ့က ပြောကြားခဲ့သည်။

 

ကာလီရိုဗာခရိုင် ကင်ညာပီနာကျေးရွာတွင် ဗဟိုပြု၍ ၁၀ စက္ကန့်နီးပါးအကြာ လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင် ၂၂ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

 

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ကင်ညာပီနာကျေးရွာ ရဲတပ်ဖွဲ့ဌာနချုပ်ရှိ ကင်းစောင့်မျှော်စင်တစ်ခု ပြိုကျပျက်စီးခဲ့ပြီး ထိုအပျက်အစီးများအောက်တွင် လုံခြုံရေးအစောင့်တစ်ဦး ပိတ်ပိနေခဲ့သည်ဟု တူရကီပြည်ထဲရေးဝန်ကြီး ဆူလေမန် က တွစ်တာတွင် ရေးသားထားသည်။

 

ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော နေရာမှ လူခုနစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး အခြားသုံးဦးကို ကယ်ဆယ်နိုင်ရေးအတွက်  ဆက်လက်လုပ်ဆောင်နေကြောင်း ဘင်ဂဲလ်ဒေသန္တရ အစိုးရက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

1