အန်ကာရာ ၂၉ ဇွန်
ပူးတွဲတာဝန်များ ထမ်းဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် စစ်ဆင်ရေးပုံစံများ လေ့ကျင့်ရန် တူရကီနှင့် ယင်း၏မဟာမိတ်နိုင်ငံများ သည် နိုင်ငံအလယ်ပိုင်း ကွန်ညာပြည်နယ်၌ ပြုလုပ်သည့် Anatolian Eagle ခေါ် လေကြောင်းလေ့ကျင့် မှုတွင်ပါဝင်ခဲ့ကြောင်း ဒေသန္တရ မီဒီယာများက ဖော်ပြလိုက်သည်။
ဇွန် ၁၇ ရက်မှ ၂၈ ရက်အထိ ပြုလုပ်သည့် အဆိုပါလေကြောင်း လေ့ကျင့်မှုတွင် တူရကီ၊ အီတလီ၊ ဂျော်ဒန်၊ ပါကစ္စတန်၊ ကာတာနှင့် အမေရိကန်တို့ ပါဝင်ခဲ့ပြီး အဇာဘိုင် ဂျန်နိုင်ငံက လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။ စစ်ရေးလေ့ကျင့် မှု၏ အဓိကရည်ရွယ်ချက်မှာ ပါဝင် သည့်နိုင်ငံများမှ လေကြောင်းတပ်ဖွဲ့ ဝင်များ၏ တိုက်ခိုက် ရေးစွမ်းပကားများ တိုးတက်လာစေရန်ဖြစ်ကြောင်း တူရကီအရာရှိတစ်ဦးက သတင်းစာ ရှင်းလင်းပွဲတစ်ခုအတွင်း ရှင်းပြခဲ့ သည်။ လေကြောင်းလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင်များကို လေယာဉ်ဖြင့် သယ်ပို့ပေးခြင်း၊ ရှာဖွေရေးနှင့် ကယ် ဆယ်ရေး၊ မြေပြင်တပ်ဖွဲ့များကို တိုက်ခိုက်သည့် စစ်ဆင်ရေးများနှင့် ပစ်မှတ်များကိုဖျက်ဆီးခြင်း အစ ရှိသည့် လေ့ကျင့်မှုများပါဝင်ခဲ့သည်။
ထို့အပြင် စစ်ရေးလေ့ကျင့်မှုတွင် တူရကီတပ်ဖွဲ့ဝင် ၆၀ဝ ခန့်နှင့် ပြည်ပတပ်ဖွဲ့ဝင် ၄၅၀ ကျော် ပါဝင် ခဲ့ပြီး အက်ဖ်-၁၆ နှင့် အက်ဖ်-၄ ဂျက်တိုက်လေယာဉ်များ အသုံးပြု ခဲ့သည်။ လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၁၄ နိုင်ငံက “Anatolian Eagl” လေကြောင်းလေ့ကျင့်မှုတွင် ပါဝင်ခဲ့ပြီး ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-ကျော်ထိုက်စိုး