၂ နိုဝင်ဘာ
တူရကီနှင့် ဂရိနိုင်ငံ အာဏာပိုင်များက အေဂျီယန်ပင်လယ်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးပေါင်း ၇၈ ဦး ရှိလာကြောင်း အတည်ပြုပြောကြားခဲ့သည်။
တူရကီနိုင်ငံတွင် ပြင်းအား ၇ ဒသမ ၀ ရှိ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ၇၆ ဦး သေဆုံးခဲ့ပြီး ၉၆၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တူရကီအာဏာပိုင်များက ဆိုသည်။
ဂရိအာဏာပိုင်များက ဂရိနိုင်ငံတွင် ထိုငလျင်ကြောင့် သေဆုံးသူ နှစ်ဦး ရှိပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ပြိုကျပျက်စီးနေသော အဆောက်အအုံများအောက်တွင် ပိတ်မိနေသူများကို ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ပြုလုပ်နေကြသည်။
ပင်လယ်ကူးသင်္ဘော ၂၂ စင်း နစ်မြုပ်လျက်ရှိပြီး အခြား ၄၃ စင်း မှာ သောင်တင်လျက်ရှိသည်ဟု တူရကီအစိုးရက ယမန်နေ့က ပြောကြားခဲ့သည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်ရန် အဆိုပါ ငလျင်ဘေးဒဏ်သင့်ဒေသများသို့ ဒေသန္တရအစိုးရဝန်ထမ်းများအား စေလွှတ်ခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို