၂၄ ဇန်နဝါရီ
ကုလားအုတ်နပန်းပွဲကို တူရကီနိုင်ငံ မြောက်ပိုင်းရှိ ဆေးကော့ခ်မြို့မှာ ကျင်းပနေပါတယ်။ အဲဒီကုလားအုတ်ပွဲတော်ကို နှစ်ရက်တိတိကျင်းပရာ ပထမနေ့တွင် ကုလားအုတ်အလှပြိုင်ပွဲဖြစ်ပြီး ဒုတိယနေ့မှာ ကုလားအုတ်နပန်းပွဲကို ကျင်းပလေ့ရှိပါတယ်။

ကုလားအုတ်နပန်းပွဲကျင်းပတဲ့ ကွင်းဆီကို ပြိုင်ပွဲဝင်မယ့် ကုလားအုတ်တွေဟာ ကုလားအုတ်ထိန်းတွေနဲ့အတူ ရောက်ရှိလာပါတယ်။ နပန်းသတ်မယ့် အရွယ်တူ ကုလားအုတ်နှစ်ကောင်က နပန်းမသတ်ခင် မျက်နှာချင်းဆိုင် ရပ်ရပါတယ်။ ပြီးမှခေါင်းခြင်းခွေ့ပြီး သတ်လေ့ရှိတာကိုတွေ့ရပါတယ်။ ကုလားအုတ်တွေက ကိုက်လေ့ ရှိတာကြောင့် မကိုက်စေ ပါးစပ်တွေကို ဖုံးအုပ်ထားခြင်းဖြင့် ဒဏ်ရာအနာတရ မဖြစ်အောင် ကာကွယ်ထားတယ်လို့ ဆိုပါတယ်။

ဒီနှစ် နပန်းပွဲကို ကုလားအုတ်ပေါင်း ၁၂၄ ကောင်ပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲဝင်ကုလားအုတ်တိုင်းမှာ ကိုယ်ပိုင်နာမည်များရှိကြတာကို တွေ့ရပါတယ်။ ပြိုင်ပွဲကွင်းထဲမှာ လာရောက်ကြည့်ရှူ့သူ ၂၀ဝ၀ ကျော်ရှိပြီး လာကြည့်တဲ့သူတွေဟာ ပျော်ပွဲစားထွက်လာသလိုမျိုး အသေအချာ လာရောက်ကြည့်ရှူ့တာကို လည်းတွေ့ရပါတယ်။

ကုလားအုတ်နပန်းပွဲကျင်းပရာ ဆေးကော့ခ်မြို့မှ မြို့တော်ဝင် ဘာကီစီက ကုလားအုတ်ယဉ်ကျေးမှုက ကျဆင်းလာတယ်။ ဒီရိုးရာယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းချင်တယ်။ နပန်းသတ်တဲ့ကွင်းကို UNESCO အမွေအနှစ်အဖြစ်သတ်မှတ်ရေးကို ရည်မှန်းပြီး ရိုးရာကို ဆက်ထိန်းသိမ်းချင်ကြောင်း ပြောပါတယ်။
တူရကီနိုင်ငံ ကန်နက်ကေး ဒေသမှာ ကုလားအုတ်ပွဲပေါင်း ၉၀ နီးပါးကို နှစ်စဉ် ဒီဇင်ဘာလမှ မတ်လအထိ ကျင်းပလေ့ရှိကြောင်း သိရပါတယ်။

တိရစ္ဆာန်အခွင့်ရေးတောင်းဆိုသူများကတော့ ဒီပွဲဟာ ရက်စက်တဲ့အတွက် ဖျက်သိမ်းဖို့ တောင်းဆိုနေကြပါတယ်။
ကုလားအုတ်တွေက တူရကီနိုင်ငံကို ၁၁ ရာစုက ရောက်ရှိခဲ့တာဖြစ်ပြီး ဒီပွဲတော်ကို ၁၈၃၀ နှစ်များကစပြီး ကျင်းပခဲ့ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP