နိုဝင်ဘာ ၃၀

 

တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အစ္စတန်ဘူလ်တွင် ယမန်နေ့က အားကောင်းသော အနောက်တောင်လေမုန်တိုင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူလေးဦးအထိတိုးလာသည်ဟု အစ္စတန်ဘူလ်အုပ်ချုပ်ရေးရုံးက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားထားသည်။

 

ရာသီဉတုအခြေအနေဆိုးရွားမှုကြောင့် လူ ၁၉ ဦးထက်မနည်း ဒဏ်ရာရပြီး သုံးဦး စိုးရိမ်ဖွယ်ရာရှိကာ နိုင်ငံခြားသားတစ်ဦးသေဆုံးခဲ့ကြောင်း ထိုထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါမြို့ရှိ အချို့နေရာများတွင် တစ်နာရီလျှင် ကီလိုမီတာ ၁၃၀ဖြင့် လေပြင်းမုန်တိုင်းတိုက်ခတ်ခဲ့ရာ မော်တော်ယာဉ်များ ပျက်စီးကာ အဝေးပြေးလမ်းတွင်ဖြတ်သန်းမောင်းနှင်နေသော ထရပ်ကားများ တိမ်းမှောက်ခဲ့ပြီး နာရီစင်ပြိုကျခဲ့သည်ဟု Ihlas သတင်းအေဂျင်စီက ဖော်ပြထားသည်။

 

ယင်းမုန်တိုင်းကြောင့် သစ်ပင် ၁၉၂ ပင်လဲကျပြီး ခေါင်မိုး ၃၃ ခုပျက်စီးခဲ့သည်။ ထိုမြို့ရှိ ကူးတို့လှေဝန်ဆောင်မှုအားလုံး ဖျက်သိမ်းခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို