အန်ကာရာ နိုဝင်ဘာ ၁၉

 

တူရကီနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၃၈၆၇ ဦး ထပ်မံတွေ့ရှိခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၈၄၈၀၉၈၆ ဦး ရှိလာကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

 

၂၉ ဦး ထပ်မံသေဆုံး

အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ၂၉ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၇၄၂၀၂ ဦး ရှိလာသည်။

 

တူရကီနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့ပြီး တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ကို အသုံးပြုလျက်ရှိသည်။

 

လက်ရှိအချိန်အထိ ပြည်သူ ၅၅ ဒသမ ၉၃ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ပြီး ၄၉ ဒသမ ၈၄ သန်းကျော်သည် ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံမှုခံယူ ပြီးဖြစ်သည်။

 

တတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှု အပါအဝင် ကာကွယ်ဆေးအလုံးရေ ၁၁၈ ဒသမ ၈၈ သန်းအား ထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်