အန်ကာရာ ဇန်နဝါရီ ၅

 

တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၄၈၆၉ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၉၅၉၇၆၇၀ ရှိလာကြောင်း တူရကီနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့တွင်ပြောကြားသည်။

 

သေဆုံးသူပေါင်း ၈၂၇၉၅ ဦး ရှိလာ

တူရကီနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၆၀ ထပ်မံ တွေ့ရှိခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၈၂၇၉၅ ဦး ရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၇၄၉၂ ဦး ရှိကြောင်း သိရသည်။ ။

 

တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် တူရကီ ကျန်းမာရေးအာဏာပိုင်များက အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့သည်။

 

လက်ရှိတွင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီး သူပေါင်း ၅၆ ဒသမ ၉၆ သန်းကျော် ရှိကြောင်း၊ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူပေါင်း ၅၁ ဒသမ ၆၇ သန်း ကျော်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ စုစုပေါင်း ၁၃၂ ဒသမ ၈၉ သန်းကျော် အသုံးပြုပြီး ဖြစ်ကြောင်း တူရကီကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်