အန်ကာရာ နိုဝင်ဘာ ၉
တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၅၃၀၄ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကူးစက်ခံရသူပေါင်း ၈၂၃၁၆၇၉ ဦးရှိလာကြောင်း တူရကီကျန်းမာရေး ဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။
ထို့ပြင် တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၀၀ ထပ်မံတွေ့ရှိရသဖြင့် သေဆုံးသူပေါင်း ၇၂၁၂၇ ဦး ရှိလာကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၂၈၈၅၂ ဦးရှိကြောင်း သိရသည်။
တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် တူရကီကျန်းမာရေး အာဏာပိုင်များက အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ်ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့သည်။
လက်ရှိတွင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူပေါင်း ၅၅ ဒသမ ၆၂ သန်းကျော်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူပေါင်း ၄၉ ဒသမ ၁၉ သန်းကျော်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ စုစုပေါင်း ၁၁၇ ဒသမ ၃၇ သန်းကျော် အသုံးပြုပြီး ဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်