အောက်တိုဘာ ၂
တူရကီနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၈၇၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၇၁၈၂၉၄၃ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၆၄၂၆၄ ဦး ရှိလာသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ထပ်မံကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၆၂၂၄ ဦး ရှိသည်။
သက်ဆိုင်ရာအာဏာပိုင်များက တရုတ်နိုင်ငံကထုတ်လုပ်သော ဆီနိုဗက်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန်အတည်ပြုခဲ့ပြီးနောက် လူအုပ်စုလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို ဇန်နဝါရီ ၁၄ ရက်နေ့ကစတင်လုပ်ဆောင်ခဲ့သည်။
လက်ရှိအချိန်ထိ ပြည်သူ ၅၃ ဒသမ ၉၄ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ်ထိုးနှံမှုခံယူပြီး ဖြစ်ပြီး ပြည်သူ ၄၄ ဒသမ ၇၅ သန်းကျော်သည် ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံမှုခံယူပြီး ဖြစ်သည်။
ကာကွယ်ဆေးတတိယအကြိမ်ထပ်ဆောင်းထိုးနှံမှု အပါအဝင် ကာကွယ်ဆေးအလုံးရေ ၁၀၉ ဒသမ ၉၂ သန်းကျော်ကို ထိုးနှံပေးပြီးဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို