တူရကီတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၁၅၂ ၅၈၇ ဦး ရှိလာ

၂၁ မေ

တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၉၇၂ ဦး ရှိပြီး ၂၃ ဦးအထက် သေဆုံးကြောင်း တူရကီကျန်းမာရေးဝန်ကြီး ဖာရတ်တင်ကိုကာ က ယမန်နေ့က ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၁၅၂၅၈၇ ဦး ရှိပြီး သေဆုံးသူပေါင်း ၄၂၂၂ ဦး ရှိကြောင်း အတည်ပြုကာ ထိုဝန်ကြီးက တွစ်တာတွင် ရေးသားထားသည်။

ပြီးခဲ့သည့် ၂၄ နာရီ အတွင်း ၂၀၈၃၈ ဦး ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး စုစုပေါင်း ၁၆၉၆၃၅၅ ဦး ကို ဓာတ်ခွဲစစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိုဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၁၃၉၈၇ ဦး ရှိပြီး ၈၇၇ ဦးမှာ အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေကြောင်း ထိုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

တူရကီနိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်ခံရမှုမှာ မတ် ၁၁ ရက်နေ့မှစတင်ကာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို