အန်ကာရာ ၆ မေ 

တူရကီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုကို လက်တုံ့ ပြန်သည့်အနေဖြင့်  ကာ့ဒ်စစ်သွေးကြွ ၂၈ ဦးကို မေ ၄ ရက်တွင် တူရကီတပ်ဖွဲ့က သုတ်သင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

တူရကီနိုင်ငံအရှေ့တောင်ပိုင်းရှိ  ဟက်ကရီပြည်နယ်တွင် မေ ၄ ရက်အစောပိုင်းက ကာ့ဒ်အလုပ်သမားပါတီ (PKK)၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် တူရကီစစ်သား သုံးဦးသေဆုံးခဲ့ပြီး  တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။  

ယင်းတိုက်ခိုက်မှုတွင် ဟက်ကရီပြည်နယ်ရှိ  နယ်စပ်စစ်အခြေစိုက်စခန်းကို  ပစ်မှတ်ထားလျက် ပီကေကေအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းတိုက်ခိုက်မှုအပြင်  ကာ့ဒ်အုပ်စုထိန်းချုပ်ထားသည့် ဆီးရီးယားမြောက်ပိုင်းရှိ  တယ်လ်ရီဖာအက်ဒေသတွင်လည်း ဆီးရီးယား ကာ့ဒ်စစ်သွေးကြွများ၏ တိုက်ခိုက်မှုအပြီး တူရကီ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဟက်ကရီပြည်နယ်နှင့်   ဆီးရီးယားရှိ   တယ်လ်ရီဖာအက်ဒေသနှစ်ခုတို့တွင် တူရကီတပ်မတော်က   ဗုံးကြဲတိ်ုက်ခိုက်မှုနှင့်   လက်နက်ကြီး ပစ်ခတ်မှုများဖြင့် တုံ့ပြန်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။   တူရကီ၊  အမေရိကန်နှင့်  ဥရောပသမဂ္ဂအဖွဲ့က အကြမ်းဖက်အုပ်စုအဖြစ်  သတ်မှတ်ထားသည့် ပီကေကေအဖွဲ့သည် ၁၉၈၄ ခုနှစ်မှ စတင်ကာ တူရကီ၌ ပုန်ကန်ထကြွမှုများလုပ်ဆောင်ခဲ့သည်။

ဆင်ဟွာ