နေပြည်တော် ၊ အောက်တိုဘာ ၁၉

 

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတ ပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ပွဲစဉ်(၁၈)ပွဲဖြင့် စက်တင်ဘာ(၂)ရက်မှ စတင်ပြီး အပတ်စဉ် သောကြာနေ့ညတိုင်း ကျင်းပလျက်ရှိရာ ဒီဇင်ဘာ(၃၀) ရက်အထိ ကျင်းပမည်ဖြစ်သည်။

 

အဆိုပါပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များအဖြစ် ထပ်ဆင့်အကယ်ဒမီချိုပြုံး၊ စန္ဒရားမျိုးနိုင်နှင့်  တေးသံရှင်ခိုင်ဝါတို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး မြန်မာ့အသံ တေးဂီတအဖွဲ့နှင့် တွဲဖက်၍ သရုပ်ဆောင်/ တေးသံရှင်များဖြစ်ကြသည့် ဝေလျှံနှင့် သဉ္ဇာမြင့်မိုရ်တို့က အစီအစဉ်တင်ဆက်သူ များအဖြစ် ဆောင်ရွက်ကြမည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးချယ်ထားသည့် ပြိုင်ပွဲဝင် (၃)ဦးစီဖြင့် စုစုပေါင်း(၄၅)ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲ၏ အုပ်စု(ဃ) ပွဲစဉ်(၈)ကို  အောက်တိုဘာ(၂၁)ရက်နေ့၊ သောကြာနေ့ညတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ကရင်ပြည်နယ်မှ စောရဲရဲ၊ ကချင်ပြည်နယ်မှ လလဆွတ်၊ မွန်ပြည်နယ်မှ ယွန်းလေး၊ မန္တလေးတိုင်းဒေသကြီးမှ ညွန့်ညွန့်ဇော်၊ ပဲခူးတိုင်းဒေသကြီးမှ မြမြသက်၊ ဧရာဝတီတိုင်းဒေသကြီးမှ မေသဲစု၊ မကွေးတိုင်း ဒေသကြီးမှ အောင်ခိုင်စိုး၊ ရှမ်းပြည်နယ်မှ အင်ကြင်းမေနှင့် နေပြည်တော်မှ ပူတူး စုစုပေါင်း ပြိုင်ပွဲဝင်(၉)ဦးတို့၏ စိတ်ကြိုက်တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ကြပုံများကို ယင်းနေ့ ည(၈)နာရီ သတင်းများအပြီးတွင် MRTV – HD မှ တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်သွားမည် ဖြစ်ကြောင်းနှင့် ထိုသို့တင်ဆက်မှုကို အောက်တိုဘာ(၂၃)ရက် တနင်္ဂနွေနေ့၊ နံနက် (၁၀) နာရီခန့်တွင် ပြန်လည်ပြသမည် ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)