နေပြည်တော် အောက်တိုဘာ ၂၆

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 သီချင်းဆိုပြိုင်ပွဲကို အောက်တိုဘာ ၂၈ ရက်တွင် အုပ်စု(င) ပွဲစဉ်(၉)အဖြစ် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ရခိုင်ပြည်နယ်မှ မျိုးဆက်နွယ်၊ ချင်းပြည်နယ်မှ သူဇာမြင့်မိုရ်၊ ကယားပြည်နယ်မှ ရတနာဝင်းမြာ၊ ကချင်ပြည်နယ်မှ မေဇီ၊ မွန်ပြည်နယ်မှ ရွှေစင်ကြယ်၊ တနင်္သာရီတိုင်းဒေသကြီးမှ ခင်ပြည့်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြည့်ဖြိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ရေဂျီနားနှင့် ရှမ်းပြည်နယ်မှ ဖြိုးပြည့်ပြည့်မောင် စုစုပေါင်း ပြိုင်ပွဲဝင် ကိုးဦးတို့က ပြဋ္ဌာန်းတေးသီချင်းများဖြင့် ပြိုင်ပွဲဝင်ကြမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲဝင်မှုများကို အကဲဖြတ်ဒိုင်များအဖြစ် ထပ်ဆင့်အကယ်ဒမီ ချိုပြုံး၊ စန္ဒရားမျိုးနိုင်နှင့် တေးသံရှင်ခိုင်ဝါတို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး မြန်မာ့အသံတေးဂီတအဖွဲ့နှင့် တွဲဖက်၍ သရုပ်ဆောင် တေးသံရှင်များဖြစ်ကြသည့် ဝေလျှံနှင့် သဉ္ဇာမြင့်မိုရ်တို့က အစီအစဉ် တင်ဆက်သူများအဖြစ် ဆောင်ရွက်ကြမည် ဖြစ်သည်။

ယင်းသို့ သီဆိုယှဉ်ပြိုင်ကြပုံများကို ယင်းနေ့ ည ၈ နာရီ သတင်းများအပြီးတွင် MRTV–HD မှ တိုက်ရိုက်(Live) ရိုက်ကူး ထုတ်လွှင့်သွားမည် ဖြစ်ကြောင်းနှင့် ထိုသို့တင်ဆက်မှုကို အောက်တိုဘာ ၃၀ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခန့်တွင် ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်