ရန်ကုန်   အောက်တိုဘာ  ၁၅

 

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတ ပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲ၏ အုပ်စု(ဃ) ပွဲစဉ်(၇)ကို အောက်တိုဘာ ၁၄ ရက် ညပိုင်းက ဆက်လက်ယှဉ်ပြိုင်ကြရာ ကရင်ပြည်နယ်မှ စောရဲရဲ၊ ကချင်ပြည်နယ်မှ လလဆွတ်၊ မွန်ပြည်နယ်မှ ယွန်းလေး၊ မန္တလေးတိုင်းဒေသကြီးမှ ညွန့်ညွန့်ဇော်၊ ပဲခူးတိုင်းဒေသကြီးမှ မြမြသက်၊ ဧရာဝတီ တိုင်းဒေသကြီးမှ မေသဲစု၊ မကွေးတိုင်းဒေသကြီးမှ အောင်ခိုင်စိုး၊ ရှမ်းပြည်နယ်မှ အင်ကြင်းမေနှင့် နေပြည်တော်မှ ပူတူး တို့က မြန်မာ့အသံ တေးဂီတအဖွဲ့နှင့် တွဲဖက်၍ ပြဋ္ဌာန်းတေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ကြသည်။

 

၎င်းတို့၏ သီဆိုယှဉ်ပြိုင်မှုများကို ထပ်ဆင့်အကယ်ဒမီချိုပြုံး၊ စန္ဒရားမျိုးနိုင်နှင့် တေးသံရှင်ခိုင်ဝါတို့က အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ကြပြီး သရုပ်ဆောင်၊ တေးသံရှင်များဖြစ်ကြသည့် ဝေလျှံနှင့် သဉ္ဇာမြင့်မိုရ်တို့က အစီအစဉ်တင်ဆက်သူများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

 

အောင်မြင့်(ပြန်/ဆက်)